Global HR

သင့် ?? ?????????? မှာကြုံတွေ့နေရတဲ့ ???? ?????? များ(?)

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလများအတွင်းမှသာ Company တွေဟာ Human Resource ရဲ့တန်ဖိုးကို အမှန်တကယ် နားလည်လာကြတာပဲ ဖြစ်ပါတယ်။ အချိန်အတော်ကြာအောင် HR ဌာနကို စောင့်ကြည့်တဲ့အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ပြီး တခြား ဌာနတွေနဲ့ သီးသန့်ခွဲထုတ်သင့်တယ်လို့မြင်နေခဲ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ Human Resource ဟာ လုပ်ငန်းအတွက် အရေးကြီးတဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်တဲ့အပြင် HR ဌာနဟာလည်း ချိတ်ဆက်ပေးတဲ့ တံတားတစ်ခု ဖြစ်တယ်ဆိုတာကို Company တော်တော်များများ သိရှိနားလည်သွားကြပါပြီ။

နည်းပညာခေတ်ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့ HR Apps ပေါင်းများစွာဟာ ဈေးကွက်ထဲကို ရောက်ရှိလာခဲ့ကြပါတယ်။ အဆိုပါ System တွေဟာ Administrative တာဝန်တွေကို လျှော့ချပေးပြီး လုပ်ငန်းကိုပိုမိုထိရောက်မှုရှိအောင် ဖန်တီးထားကြတာဖြစ်တဲ့အပြင် Paperwork အသုံးပြုမှုကိုနည်းပါးစေတဲ့အတွက် HR Professionals များအနေဖြင့်ပိုမိုအရေးကြီးတဲ့ Value-Added Functions များကို အာရုံစိုက်နိုင်ဖို့ အချိန်ပိုလာစေမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Pain ကတော့ရှိနေဦးမှာပါပဲ။

ဒါကြောင့် HR Professionals တွေကို ဒီနေ့သင်ကြုံတွေ့နေရတဲ့ Pain Points တွေကဘာတွေလဲဆိုပြီး မေးတဲ့အခါ သူတို့ရဲ့ခံစားချက်တွေနဲ့လိုက်ပြီး အသေးလေးတွေကနေ အကြီးဆုံးအထိ အဆင့်သတ်မှတ်ချက်တွေထွက်လာပါတော့တယ်။ တချို့အဖြေတွေကတော့ ပြင်းထန်ပြီးတိကျသလို တချို့အဖြေကျတော့ အကောင်းမြင်တဲ့ပုံစံပေါက်ပါတယ်။ ဘယ်လို Pain တွေနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာလေးတွေ လေ့လာကြည့်ရအောင်…

အလုပ်သမားအချက်အလက်တွေကို မြင်နိုင်စွမ်းနှင့်တိုင်းတာမှု အားနည်းခြင်း

Human Resources တွေကို Data Center တစ်ခုလို့ယူဆလို့မရပေမယ့်လည်း ဒီနေ့ကမ္ဘာကြီးရဲ့ အခြေအနေအရ အရာရာကို ခြေရာခံပြီးခွဲခြမ်းစိတ်ဖြာမှု လုပ်ဖို့အတွက် ကိုယ့်ဆီမှာ Data တွေ မျက်မြင်ရှိနေဖို့ဆိုတဲ့အချက်ဟာလည်း အဓိကဖြစ်လာပြီပဲဖြစ်ပါတယ်။ ယနေ့အချိန်မှာ သင့်လုပ်ငန်းမှာ Data အချက်အလက်တွေကို Analytics ပြုလုပ်ခြင်းဟာ တကယ်လို့လုပ်ခဲ့ရင်ကောင်းတယ်လို့ကို ယူဆလို့မရတော့ပါဘူး။ လုပ်ကိုလုပ်ရမယ့် ၊ ရှိကိုရှိရမယ့်အရာတွေပဲ ဖြစ်လာပါပြီ။ တကယ်တော့လည်း သင်နေ့စဉ်မေးနေ ပြောနေ ဖြေနေရတဲ့ မေးခွန်းတွေကြောင့် ဘာကိုဆိုလိုချင်တယ်ဆိုတာကို သင်သိပြီးသားဖြစ်မှာပါ။ ဥပမာ ။ ။ အရင်လက ဝန်ထမ်းဘယ်နှစ်ယောက်ခန့်ခဲ့သလဲ ?ဝန်ထမ်းဘယ်နှစ်ယောက်အလုပ်ထွက်ပြီး ဘယ်သူတွေကျန်နေခဲ့သလဲ ? ဘယ်သူတွေအလုပ်လာလဲ ? ဘယ်သူတွေခွင့်တင်လဲ ? ဘယ်ဌာနမှာ ဝန်ထမ်းအင်အားဘယ်လောက်ရှိသလဲ ?လက်ရှိ Company မှာဝန်ထမ်းဘယ်လောက်ရှိသလဲ ? စတဲ့ တခြားမေးခွန်းပါင်းများစွာ ရှိနေမှာ အသေအချာပါပဲ။

အဲ့ဒီအတွက် အဖြေကတော့တကယ့်ကို ရိုးရှင်းပါတယ်။ ချိတ်ဆက်မှုရှိတဲ့ Human Capital Management System တစ်ခုဟာ သင့်ကို အချက်အလက်တွေ ၊ ငွေစာရင်းတွေ ၊ ဝန်ထမ်းအသစ်တွေနဲ့ တခြားအချက်အလက်တွေကို real-time သိရှိနိုင်အောင် ပြုလုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ဆက်ပြောရရင် ရရှိထားတဲ့ Data တွေကိုအခြေခံပြီးတစ်နှစ်တာအတွက် ဝန်ထမ်းခန့်အပ်မှု Plan တွေနဲ့ Organization Charts တွေကို စက္ကန့်ပိုင်းအတွင်းအလွယ်တကူ ဆွဲထုတ်လာနိုင်မှာပဲ ဖြစ်ပါတယ်။ တကယ်လို့များနောက်တစ်ခါတစ်ယောက်ယောက်က သင့်ကို ဝန်ထမ်းတွေနဲ့ပတ်သတ်တဲ့ ကိန်းဂဏန်းတွေနဲ့ အလုပ်ခန့်အပ်မှုအခြေအနေတွေမေးလာခဲ့ရင်တော့ အဲဒီအချိန်မှာ အဖြေကသင်နဲ့အတူတူ အဆင်သင့်ရှိနေနိုင်ပြီပဲ ဖြစ်ပါတယ်။

Post a Comment