Global HR

HR Dashboard မှာ မဖြစ်မနေ ကြည့်သင့်တဲ့ အရေးကြီး Metrics များ

GlobalHR ၏ Cloud-based HR Payroll software သည် ဝန်ထမ်းအချက်အလက်များကို စနစ်တကျစုစည်းပေးပြီး HR လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စေရန် ကူညီပေးသည်။ ၎င်း၏ Customizable Dashboard သည် အချိန်ကုန်သက်သာစေပြီး လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အထောက်အကူပြုသည်။

အဆိုပါ Dashboard မှတစ်ဆင့် နေ့စဉ်နှင့် လစဉ် တက်ရောက်မှုနှုန်း၊ ခွင့်ယူမှုမှတ်တမ်း၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ကုမ္ပဏီအတွင်း လှုပ်ရှားမှုများကို တစ်နေရာတည်းတွင် ရှင်းလင်းစွာ ကြည့်ရှုနိုင်သည်။ ထိုကဲ့သို့သော ခေတ်မီဆန်းသစ်သည့် Data Analytics ကိရိယာများကို အသုံးပြုခြင်းဖြင့် အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန်သွက်လက်စွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။

HR ကျွမ်းကျင်သူများအတွက် အချိန်ကုန်စေတဲ့ Manual Report များနဲ့ ဝန်ထမ်းအချက်အလက်တွေ ပြန့်ကျဲနေခြင်းက လုပ်ငန်းဆုံးဖြတ်ချက်ချရာမှာ ကြီးမားတဲ့ အတားအဆီး ဖြစ်စေပါတယ်။ 2005 ခုနှစ်ကတည်းက စတင်ခဲ့ပြီး နိုင်ငံတကာအဆင့်မီ ကုမ္ပဏီပေါင်း 350+ နဲ့ ဝန်ထမ်း 80,000+ ကျော် ယုံကြည်ထားတဲ့ GlobalHR ရဲ့ Cloud-based HR & Payroll software ဟာ ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ အဆင်သင့်ရှိပါတယ်။

Dasboard ဆိုတာ ဘာကြောင့် အရေးပါတာလဲ

Software ထဲဝင်လိုက်တာနဲ့ မြင်တွေ့ရမယ့် Highly Customizable Dashboard ဟာ Attendance, HR နဲ့ Payroll အချက်အလက်တွေကို တစ်နေရာတည်းမှာ အနှစ်ချုပ်ပြသပေးပါတယ်။

HR Dashboard မှာ ကြည့်သင့်တဲ့ အဓိက Metrics များ

  • Daily & Monthly Attendance: ဝန်ထမ်းတွေရဲ့ ဝင်/ထွက်ချိန်တွေကို ဂရပ်ဖစ်နည်းပညာနဲ့ ချက်ချင်းကြည့်နိုင်ပါတယ်။
  • Leave History & Requests: Team အလိုက် ခွင့်တင်ထားသူတွေကို Donut Charts များဖြင့် ရှင်းလင်းစွာ မြင်နိုင်ပါတယ်။
  • Manpower List: ကုမ္ပဏီရဲ့ လူအင်အားဖွဲ့စည်းပုံကို အချိန်နဲ့တပြေးညီ စစ်ဆေးနိုင်ပါတယ်။
  • Data Analysis & Analytics Tools: Organizational Structure နဲ့ Date Range အလိုက် လိုသလို Filter လုပ်ပြီး တိကျတဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါတယ်။
  • Upcoming Events: ဝန်ထမ်းတွေရဲ့ မွေးနေ့များနဲ့ ရုံးပိတ်ရက်များကို ကြိုတင်သတိပေးချက်များဖြင့် သိရှိနိုင်ပါတယ်။

အချက်အလက်တွေကို စုစည်းဖို့ အချိန်ကုန်နေမယ့်အစား GlobalHR ရဲ့ စနစ်တကျ Dashboard နဲ့ HR လုပ်ငန်းစဉ်တွေကို အဆင့်မြှင့်တင်လိုက်ပါ။ သင်တို့ရဲ့ HR Data တွေကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲပြီး လုပ်ငန်းတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ဖို့ အကောင်းဆုံး အဖော်မွန်အဖြစ် ကျွန်ုပ်တို့ကို ရွေးချယ်လိုက်ပါ။