သင့် ?? ?????????? မှာကြုံတွေ့နေရတဲ့ ???? ?????? များ(?)
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလများအတွင်းမှသာ Company တွေဟာ Human Resource ရဲ့တန်ဖိုးကို အမှန်တကယ် နားလည်လာကြတာပဲ ဖြစ်ပါတယ်။ အချိန်အတော်ကြာအောင် HR ဌာနကို စောင့်ကြည့်တဲ့အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ပြီး တခြား ဌာနတွေနဲ့ သီးသန့်ခွဲထုတ်သင့်တယ်လို့မြင်နေခဲ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ Human Resource ဟာ လုပ်ငန်းအတွက် အရေးကြီးတဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်တဲ့အပြင် HR ဌာနဟာလည်း ချိတ်ဆက်ပေးတဲ့ တံတားတစ်ခု ဖြစ်တယ်ဆိုတာကို Company တော်တော်များများ သိရှိနားလည်သွားကြပါပြီ။
နည်းပညာခေတ်ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့ HR Apps ပေါင်းများစွာဟာ ဈေးကွက်ထဲကို ရောက်ရှိလာခဲ့ကြပါတယ်။ အဆိုပါ System တွေဟာ Administrative တာဝန်တွေကို လျှော့ချပေးပြီး လုပ်ငန်းကိုပိုမိုထိရောက်မှုရှိအောင် ဖန်တီးထားကြတာဖြစ်တဲ့အပြင် Paperwork အသုံးပြုမှုကိုနည်းပါးစေတဲ့အတွက် HR Professionals များအနေဖြင့်ပိုမိုအရေးကြီးတဲ့ Value-Added Functions များကို အာရုံစိုက်နိုင်ဖို့ အချိန်ပိုလာစေမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Pain ကတော့ရှိနေဦးမှာပါပဲ။
ဒါကြောင့် HR Professionals တွေကို ဒီနေ့သင်ကြုံတွေ့နေရတဲ့ Pain Points တွေကဘာတွေလဲဆိုပြီး မေးတဲ့အခါ သူတို့ရဲ့ခံစားချက်တွေနဲ့လိုက်ပြီး အသေးလေးတွေကနေ အကြီးဆုံးအထိ အဆင့်သတ်မှတ်ချက်တွေထွက်လာပါတော့တယ်။ တချို့အဖြေတွေကတော့ ပြင်းထန်ပြီးတိကျသလို တချို့အဖြေကျတော့ အကောင်းမြင်တဲ့ပုံစံပေါက်ပါတယ်။ ဘယ်လို Pain တွေနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာလေးတွေ လေ့လာကြည့်ရအောင်…
ကွဲလွဲနေသော System များကြောင့် ခေါင်းကိုက်ရခြင်း
System တွေအကုန်လုံး အတူတူပေါင်းစည်းပြီး အသုံးပြုတယ်ဆိုတာ ရှုပ်ထွေးမှုဖြစ်စေတယ်လို့ သင်ထင်နေရင် တခြားတစ်ဖက်အနေနဲ့ နည်းနည်း စဉ်းစားကြည့်ကြရအောင်။ သင့်မှာ Attendance အတွက် System တစ်ခု၊ Recruiting အတွက် System တစ်ခု၊ Talent Management အတွက် System တစ်ခုနဲ့ Payroll Management အတွက် System တစ်ခုစီရှိတယ်ဆိုကြပါစို့။ သင့် Team တွေကို မတူညီတဲ့ System တစ်ခုချင်းလိုက်ပြီး ရှင်းပြဖို့ အသေးစိတ်လိုအပ်လာပါတယ်။ ဒါ့အပြင် တူညီတဲ့အချက်အလက်တွေကိုပဲ System တစ်ခုစီတိုင်းမှာ အကြိမ်ကြိမ်ထည့်သွင်းနေရတဲ့အတွက် မလိုအပ်ဘဲ အချိန်ကုန် လူပင်ပန်းပြီး ကုန်ကျစရိတ်များပြားလာစေပါတယ်။ ထပ်ပြီးစိတ်အနှောက်အယှက်ဖြစ်စေတာကတော့ System တစ်ခုကနေထွက်လိုက် နောက်တစ်ခုကိုဝင်လိုက်နဲ့ အလုပ်ရှုပ်စေတာပဲ ဖြစ်ပါတယ်။ မတူညီတဲ့ System Manual စာအုပ်တွေနဲ့အလုပ်များနေခြင်းကပဲ သင့်အတွက် HR Pain တစ်ခုအနေနဲ့ဖြစ်မှန်းမသိဖြစ်လာပါတော့တယ်။ လစာတွက်ချက်တဲ့စာရင်း ၊ ရုံးတက်ရုံးဆင်းစာရင်းတွေနဲ့ Analytics လုပ်ဖို့တွေဟာလည်း မလုပ်နိုင်တော့ဘဲ အရာရာဟာပိုပြီး အချိန်ကြာမြင့်လာပါတော့တယ်။
ကဲ ဒီလို Pain မျိုးကိုရပ်တန့်ဖို့ဆိုတာကတော့ သင့်လုပ်ငန်းကို ပိုမိုစုစည်းမှုရှိစေပြီး ထိရောက်မှုရှိစေမယ့် ကောင်းမွန်တဲ့ HCM System တစ်ခုကို လုပ်ငန်းဟိုးအစတည်းက ရင်းနှီးမြှုပ်နှံထားသင့်တယ် ဆိုတာပါပဲ။တခါထည့်သွင်းလိုက်ရုံနဲ့ ထပ်မံသွင်းစရာမလိုတော့ဘဲ အကုန်တသမတ်ထဲ စနစ်ကျပြီး တိကျမှုရှိစေတဲ့အတွက် အချိန်ကုန်သက်သာပြီး အကျိုးရှိစေမှာပါ။ ဒါ့အပြင် လုပ်ငန်းရဲ့လုပ်ဆောင်မှုတွေမှာလည်း ပိုမိုထိရောက်ပြီး လိုက်လျောညီထွေမှုဖြစ်လာစေဖို့ ကူညီပေးနိုင်ပါတယ်။