Global HR

သင့်လုပ်ငန်းမှာ ????? ?? ?????? တစ်ခုလိုအပ်နေပြီဆိုတဲ့ အချက် ? ချက်

Cloud HR System တွေကိုအသုံးပြုရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာကို တော်တော်များများသိရှိပြီးဖြစ်တဲ့အတွက်ဒီတစ်ခါမှာတော့ ဘယ်အချိန်မှာစပြီး လုပ်ဆောင်သင့်လဲဆိုတာကို ဆွေးနွေးကြရအောင် …

သင့် HR Department မှာအလုပ်တွေပိနေခြင်း

ကောင်းတဲ့အချက်ကတော့ လုပ်ငန်းတွေကြီးထွားလာတယ်လို့ယူဆရမှာပေါ့။ ဒါပေမယ့်လည်း ဆိုးတဲ့အချက်က အလုပ်ပိုတွေများပြားလာပြီး သင့်ရဲ့HR ဌာနမှာ တာဝန်တွေပိုများလာခြင်းပဲဖြစ်ပါတယ်။ သင့်ဝန်ထမ်းတွေမှာ အလုပ်တွေပိုပိလာလေလေ သူတို့ရဲ့စွမ်းဆောင်ရည်တွေ လျော့နည်းလာလေပဲဆိုတာ သိရှိထားရပါမယ်။Cloud HR System တစ်ခုကို သင့်လုပ်ငန်းမှာအသုံးပြုလိုက်ခြင်းဖြင့် သင့် HR ဌာနမှာလက်ရှိလုပ်ဆောင်နေရတဲ့ Manual Process တွေကို အလိုအလျောက်စနစ်နဲ့လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။ Automation Cloud HR System တွေဟာ ဝန်ထမ်းတွေရဲ့ workload တွေကို လျော့ချပြီး စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

Reports တွေကို Manual ထုတ်နေရခြင်း

တကယ်လို့သင်ဟာ Attendance နဲ့တခြားData တွေကို Manual ကောက်ယူနေရပြီး Reports တွေကို ကိုယ်ကိုတိုင်ဖန်တီးနေရတယ်ဆိုကတည်းက မလိုအပ်တဲ့အလုပ်တွေမှာ အချိန်တွေပိုပေးနေမိပြီပဲ ဖြစ်ပါတယ်။ Cloud HR System တွေဟာ အရေးကြီးတဲ့ Data တွေကိုစုစည်းပြီး သင်လိုအပ်တဲ့ Reportsတွေကို အမြန်ဆုံးနဲ့ အမှန်ဆုံးထုတ်ယူပေးနိုင်တဲ့အတွက် သင့်ရဲ့အချိန်နဲ့အားထုတ်မှုတွေကို သက်သာစေနိုင်မှာပဲ ဖြစ်ပါတယ်။

အရည်အသွေးရှိတဲ့သူတွေကို လက်လွှတ်ရခြင်း

လုပ်ငန်းတိုင်းဟာ Talent ရှိတဲ့သူတွေကို အမြဲရရှိဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာပါ။အလုပ်အကိုင်အခွင့်အရေးပေါများပြီး လုပ်ငန်းအတွေ့အကြုံအားနည်းတဲ့သူတွေများနေတဲ့အတွက် တကယ်အရည်အချင်းရှိတဲ့သူတွေဟာ အလုပ်တွေကို သူတို့ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်လာနေကြပြီပဲ ဖြစ်ပါတယ်။ဆိုလိုချင်တာကတော့ လုပ်ငန်းတစ်ခုမှာ သင့်တော်တဲ့လူသစ်စုဆောင်းတဲ့ Process ဟာအရေးကြီးတဲ့ လုပ်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။Cloud HR System တွေဟာ Recruitment Process ကို ချော့မွေ့စေရန် ကူညီပေးနိုင်ပြီး အလုပ်လျှောက်တဲ့သူတွေကိုလည်း အဆင်ပြေပြေလွယ်ကူတဲ့နည်းလမ်းတွေနဲ့ Support ပေးနိုင်တဲ့အတွက် သင့်လုပ်ငန်းမှာ တကယ်အရည်အချင်းရှိတဲ့သူတွေကို လက်လွှတ်ရတာတွေ ထပ်မံဖြစ်မလာနိုင်တော့ပါဘူး။

ထွက်ခွာမှုနှုန်း မြင့်တက်နေခြင်း

ယနေ့အချိန်မှာ Professionals တွေဟာ သူတို့ရဲ့ခံစားချက်ကိုနားထောင်ပြီး သူတို့ကိုတန်ဖိုးထားစေချင်ကြပါတယ်။ တကယ်လို့ Company တစ်ခုဟာသူတိုရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီတော့တဲ့အခါ အဲဒီလုပ်ငန်းကနေထွက်ခွာပြီး တခြားအလုပ်အကိုင်အသစ်ကို ရှာဖွေကြပါတယ်။ Cloud HR System မှာသင့်ဝန်ထမ်းတွေရဲ့ Pain Points တွေကို စုစည်းပေးနိုင်ပြီး ဘယ်လိုမှန်ကန်တဲ့ဆုံးဖြတ်ချက်မျိုးတွေချသင့်တယ်ဆိုတာကို သင့်အတွက် အကောင်းဆုံးကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။

Modern Cloud HR System တွေဟာ အလုပ်တာဝန်တွေလျှော့ချရန် ၊ အလုပ်ထွက်နှုန်းလျှော့နည်းရန် ၊ စည်းကမ်းလိုက်နာမှုရှိစေရန်နဲ့တခြားအချက်များစွာကို ကူညီပေးနိုင်ပါတယ်။Smart HR Tech တစ်ခုဟာ သင့် နေ့စဉ်လုပ်ငန်းကို လွယ်ကူမှုရှိလာစေတဲ့အပြင် ဝန်ထမ်းတွေကိုလည်း အတွေ့အကြုံကောင်းတွေ ပေးနိုင်မှာဖြစ်ပြီးလုပ်ငန်းတစ်ခုလုံးတိုးတက်ကောင်းမွန်လာအောင် ကူညီပေးနိုင်တဲ့အတွက် သင့်လုပ်ငန်းရှေ့ဆက်ဖို့ မရှိမဖြစ်လိုအပ်တဲ့ System တစ်ခုဖြစ်ကြောင်း သင့်အနေနဲ့သိရှိလာမှာပဲ ဖြစ်ပါတယ်။

Post a Comment