Global HR

?? ????????? ??????? : ????????? ?????????? ??????????

✅ သင့်လုပ်ငန်းရဲ့ Onboarding Process ကိုပြောင်းလဲဖို့အဆင်သင့်ဖြစ်ပြီလား? ဒီသက်သေပြပြီးသားနည်းလမ်းတွေနဲ့ အသစ်ဝင်ရောက်လာတဲ့လူသစ်တွေကို ကြိုဆိုပြီး အောင်မြင်မှုတွေရရှိဖို့အတွက် ဘယ်လိုပြင်ဆင်မလဲဆိုတာ အခုပဲလေ့လာကြည့်လိုက်ရအောင် …

???????????? ??????? ????????

Team Members တွေ၊ Managers တွေနဲ့ လိုအပ်ရင် Company Leader တွေတောင်မှ လူသစ်တွေကို ကြိုဆိုနှုတ်ဆက်တဲ့စကားလေးတွေ ပြောဆိုပြုလုပ်ပေးခြင်းဟာ အသစ်ဝင်တဲ့ဝန်ထမ်းတွေရဲ့ရင်ထဲမှာ သူတို့ကိုတန်ဖိုးထားတယ်လို့ ခံစားရစေမှာပါ။ အဲ့ဒီအချက်နဲ့တင် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးသလိုဖြစ်စေပြီး သူတို့ရင်ထဲမှာလဲ သူတို့နဲ့သက်ဆိုင်တဲ့နေရာတစ်ခုရောက်ပြီလို့ ယူဆသွားစေမှာပဲဖြစ်ပါတယ်။

????????????? ??????????? ????????

Company Culture, Values, Policies တွေနဲ့ Procedures တွေကို ရှင်းပြပေးတဲ့ sessions လေးတွေလဲ စီစဉ်ဆောင်ရွက်ပေးသင့်ပါတယ်။ အဲ့ဒီလိုဆောင်ရွက်ပေးခြင်းအားဖြင့် ဝန်ထမ်းအသစ်တွေအနေနဲ့ သူတို့ရဲ့ Roles နဲ့ပတ်သတ်ပြီး လုပ်ဆောင်ဖို့အတွက်လိုအပ်တဲ့ knowledge တွေကိုရရှိလာဖို့ ကူညီပံ့ပိုးပေးနိုင်မှာပဲ ဖြစ်ပါတယ်။

????? ??????

ဝန်ထမ်းအသစ်တွေကို လက်ရှိလုပ်ဆောင်နေတဲ့ အတွေ့အကြုံရှိ ဝန်ထမ်းတွေနဲ့တွဲပေးပြီး Mentors ဒါမှမဟုတ် မိတ်ဆွေများအနေနဲ့ဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဖြင့် အသစ်ဝင်ရောက်လာတဲ့ ဝန်ထမ်းတွေကို Company Culture ကိုကျင့်သားရအောင်၊ သိချင်တဲ့မေးခွန်းတွေကို လွတ်လပ်စွာမေးနိုင်အောင်နဲ့ Organization အတွင်းဆက်ဆံရေးကောင်းတွေ တည်ဆောက်ဖို့အတွက်ကိုလည်း ကူညီပေးနိုင်ပါတယ်။

????? ???????????? & ?????

စခန့်ကတည်းက ဝန်ထမ်းအသစ်များဆီကနေ ရှင်းလင်းတဲ့ expectations တွေ၊ goals တွေကို ကြိုပြီးသတ်မှတ်ထားသင့်ပါတယ်။ အဲ့ဒီလိုသတ်မှတ်ထားခြင်းဟာ Company ရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီမှုရှိစေပြီး သူတို့ရဲ့ Roles နဲ့ပတ်သတ်ပြီး အောင်မြင်နိုင်တဲ့ Roadmap ကိုလည်း ပိုပြီးမြင်သွားစေနိုင်ပါတယ်။

?????????? ???????? & ?????-???

ဝန်ထမ်းအသစ်တွေ သူတို့ရဲ့ roles မှာအဆင်ပြေမပြေ ၊ အသားကျမှုရှိမရှိကို ဆက်တိုက်ဆက်သွယ်မေးမြန်းပြီး စစ်ဆေးတဲ့ culture တစ်ခုကိုလည်း တည်ဆောက်ထားသင့်ပါတယ်။ ပုံမှန်ဆက်သွယ်မေးမြန်းပေးခြင်းဟာ ဝန်ထမ်းအသစ်တွေရဲ့ အစောပိုင်းစိုးရိမ်ပူပန်မှုတွေကို လျော့ကျဖို့အတွက် ကူညီပေးမှာဖြစ်ပြီး သူတို့ကိုလည်း ပြောဆိုလာဖို့ တွန်းအားပေးရာလည်းရောက်ပါတယ်။

???????? & ??????????? ?????????????

ဝန်ထမ်းအသစ်တွေရဲ့ သက်ဆိုင်ရာ လုပ်ငန်းပိုင်းမှာပိုမိုကျွမ်းကျင်စွာ လုပ်ဆောင်လာစေဖို့အတွက် လိုအပ်တဲ့ Training ပေးတာတွေ၊ Development Opportunities တွေဆောင်ရွက်ပေးတာကိုလည်း စီစဉ်ပေးသင့်ပါတယ်။ အဲ့ဒါဟာ သူတို့ရဲ့ Skills တွေတိုးတက်လာစေဖို့တင်မကပါဘူး သူတို့ရဲ့ ရေရှည်အောင်မြင်မှုတွေအတွက် Company ကဘယ်လောက် မျှော်မှန်းထားတယ်ဆိုတာကိုပါ ပြသရာရောက်ပါတယ်။

????????? ??????????

တက်ရောက်နေတဲ့ သင်တန်းတွေပြီးစီးသွားတာမျိုး ဒါမှမဟုတ် ပထမဆုံးလုပ်ဆောင်ရတဲ့ Project တစ်ခုခုအောင်မြင်သွားတာမျိုး စတဲ့ milestones တစ်ခုစီတိုင်းမှာလည်း အသိအမှတ်ပြုလုပ်ပေးပြီး Celebrate ပြလုပ်ပေးတာမျိုးကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါဟာစိတ်ဓာတ်မြှင့်တင်ပေးရာရောက်ပြီး ဝန်ထမ်းရဲ့စိတ်ထဲ ကောင်းမွန်တဲ့စိတ်ခံစားမှုတစ်ခုကို အားဖြည့်ပေးတာပဲ ဖြစ်ပါတယ်။

ကဲ…သင့်ရဲ့ Onboarding Process ကို အမှတ်ရစရာနဲ့ ထိရောက်တဲ့ experience တစ်ခုအဖြစ်ပြောင်းလဲဖို့ အဆင်သင့်ဖြစ်ပြီလား ? ပြောပြသွားတဲ့ နည်းလမ်းတွေကို အကောင်အထည်ဖော်ပြီး သင့်လုပ်ငန်းရဲ့ ဝန်ထမ်းအသစ်တွေ တိုးတက်လာမှုရှိမရှိကို အသေအချာစောင့်ကြည့်လိုက်ပါ။ ??