Global HR

သင့် ?? ?????????? မှာကြုံတွေ့နေရတဲ့ ???? ?????? များ (1)

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလများအတွင်းမှသာ Company တွေဟာ Human Resource ရဲ့တန်ဖိုးကို အမှန်တကယ် နားလည်လာကြတာပဲ ဖြစ်ပါတယ်။ အချိန်အတော်ကြာအောင် HR ဌာနကို စောင့်ကြည့်တဲ့အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ပြီး တခြား ဌာနတွေနဲ့ သီးသန့်ခွဲထုတ်သင့်တယ်လို့မြင်နေခဲ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ Human Resource ဟာ လုပ်ငန်းအတွက် အရေးကြီးတဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်တဲ့အပြင် HR ဌာနဟာလည်း ချိတ်ဆက်ပေးတဲ့ တံတားတစ်ခု ဖြစ်တယ်ဆိုတာကို Company တော်တော်များများ သိရှိနားလည်သွားကြပါပြီ။

နည်းပညာခေတ်ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့ HR Apps ပေါင်းများစွာဟာ ဈေးကွက်ထဲကို ရောက်ရှိလာခဲ့ကြပါတယ်။ အဆိုပါ System တွေဟာ Administrative တာဝန်တွေကို လျှော့ချပေးပြီး လုပ်ငန်းကိုပိုမိုထိရောက်မှုရှိအောင် ဖန်တီးထားကြတာဖြစ်တဲ့အပြင် Paperwork အသုံးပြုမှုကိုနည်းပါးစေတဲ့အတွက် HR Professionals များအနေဖြင့်ပိုမိုအရေးကြီးတဲ့ Value-Added Functions များကို အာရုံစိုက်နိုင်ဖို့ အချိန်ပိုလာစေမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Pain ကတော့ရှိနေဦးမှာပါပဲ။

ဒါကြောင့် HR Professionals တွေကို ဒီနေ့သင်ကြုံတွေ့နေရတဲ့ Pain Points တွေကဘာတွေလဲဆိုပြီး မေးတဲ့အခါ သူတို့ရဲ့ခံစားချက်တွေနဲ့လိုက်ပြီး အသေးလေးတွေကနေ အကြီးဆုံးအထိ အဆင့်သတ်မှတ်ချက်တွေထွက်လာပါတော့တယ်။ တချို့အဖြေတွေကတော့ ပြင်းထန်ပြီးတိကျသလို တချို့အဖြေကျတော့ အကောင်းမြင်တဲ့ပုံစံပေါက်ပါတယ်။ ဘယ်လို Pain တွေနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာလေးတွေ လေ့လာကြည့်ရအောင်…

?????? ????????? ??? ????????????

HR Processes တွေအတွက် spreadsheet တွေအသုံးပြုနေခြင်းဟာ ဟင်းချိုတစ်ခွက်ကို ခက်ရင်းနဲ့ သောက်နေရသလိုပါပဲ။ အသုံးပြုလို့ရတယ်ဆိုပေမယ့်လည်း ဘာလို့ခုထိသုံးနေရသေးတာလဲ ? Manual Data Entry အသုံးပြုနေခြင်းဟာ အချိန်အရမ်းကုန်စေပါတယ်။ ဒါကိုလည်း အကုန်သိနေကြတာပါပဲ။ Spreadsheets တွေဟာ Report နဲ့မတူပါဘူး။ အထူးသဖြင့် အခုလိုမျိုး သင့်ရဲ့ HR processes တွေကို အလိုအလျောက်လုပ်ဆောင်ပေးနေတဲ့ Services တွေရှိနေတဲ့အချိန်မှာပေါ့။Spreadsheets တွေအသုံးပြုနေခြင်းဟာ လုပ်ငန်းကို ရေရှည်တည်တံ့ဖို့ သင့်အနေနဲ့Rules တွေချမှတ်တဲ့နေရာမှာကောင်းမွန်တဲ့ Processes တစ်ခုမဟုတ်တဲ့အတွက် လုပ်ငန်းတိုးတက်လာစေမယ့် အခွင့်အရေးတွေကိုလည်း အကောင်းဆုံးအသုံးချနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် Spreadsheets တွေနဲ့အလုပ်လုပ်နေရတဲ့အခါ Data တွေဟာပြန့်ကျဲနေတဲ့အတွက် တကယ့်ရလဒ်အမှန်ကို မြင်ရတော့မှာမဟုတ်ပါဘူး။ Spreadsheets တွေဟာ လစာတွေ ၊ ရုံးတက်ရုံးဆင်းမှတ်တမ်းတွေ ၊ Recruiting တွေ နဲ့ တခြား လုပ်ဆောင်မှုများကို System တစ်ခုလိုချိတ်ဆက်ထား ခြင်းမရှိတဲ့အတွက် အမှန်တကယ် Data Analysis လုပ်ဖို့ကြိုးစားတဲ့အချိန်မှာ Excel ကိုအသုံးပြုဖို့ကလည်း အဆင်မပြေနိုင်လောက်တော့ပါဘူး။ HR Processes နဲ့ Tasks တွေကို တကယ်ကောင်းမွန်ကြောင်း သက်သေပြပြီးတဲ့ HR Software တွေနဲ့ပေါင်းစည်းလိုက်ခြင်းအားဖြင့် သင့်ရဲ့လုပ်ငန်းကိုပိုမိုလွယ်ကူပြီး အဆင်ပြေအောင် ပြုလုပ်သင့်ပါတယ်။

Post a Comment