Global HR

Payroll လုပ်ငန်းစဉ်ကို GlobalHR Cloud စနစ်ဖြင့် စနစ်တကျစီမံခန့်ခွဲနည်း

GlobalHR ဝန်ဆောင်မှုသည် လုပ်ငန်းခွင်အတွင်း လစာပေးချေမှုလုပ်ငန်းစဉ်များကို Cloud-based စနစ်ဖြင့် အလိုအလျောက် စီမံခန့်ခွဲပေးသည်။ ၎င်းသည် လူကိုယ်တိုင်တွက်ချက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အမှားများကို လျှော့ချပေးပြီး Attendance နှင့် အခွန်ဆိုင်ရာ အစီရင်ခံစာများကို စနစ်တကျ ပြုလုပ်ပေးနိုင်သည်။

အဆိုပါစနစ်သည် လုပ်ငန်းစဉ်သုံးဆင့်ဖြင့် လုပ်ဆောင်ပေးပြီး လစာစာရွက်များကို ဝန်ထမ်းများထံ လုံခြုံစွာ ပေးပို့နိုင်ရန် ကူညီပေးသည်။ HR ကျွမ်းကျင်သူများအနေဖြင့် အချိန်ကုန်သက်သာပြီး ပိုမိုတိကျသော လုပ်ငန်းလည်ပတ်မှုကို တည်ဆောက်နိုင်ရန်အတွက် အဆင့်မြင့်နည်းပညာဖြင့် ပြောင်းလဲလုပ်ဆောင်နိုင်ပါသည်။

Payroll Process ကို စနစ်တကျစီမံခန့်ခွဲနည်း – အဆင့်ဆင့်လမ်းညွှန်

HR ကျွမ်းကျင်သူတွေအတွက် Excel နဲ့ လက်တွက်ရတဲ့အခါ ဖြစ်တတ်တဲ့ အမှားတွေ၊ အချိန်ကုန်တာနဲ့ Compliance ပြဿနာတွေက ခေါင်းခဲစရာပါ။ ၂၀၀၅ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ကုမ္ပဏီပေါင်း ၃၅၀ ကျော်၊ ဝန်ထမ်း ၈၀,၀၀၀ ကျော်ရဲ့ ယုံကြည်မှုကို ရရှိထားတဲ့ **GlobalHR** ရဲ့ 100% Cloud-based စနစ်နဲ့ Payroll လုပ်ငန်းစဉ်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရအောင်။

Payroll လုပ်ငန်းစဉ် (၃) ဆင့်

၁။ Pre-Payroll Process (ပြင်ဆင်ခြင်း)

လစာမတွက်ခင်မှာ Attendance, Leave, OT တွေကို အချိန်နဲ့တစ်ပြေးညီ စိစစ်ရပါမယ်။ GlobalHR Payroll Systemမှာ:

* Attendance Recalculation

* Leave & OT တွက်ချက်ခြင်း

* Salary Adjustments, Additions & Deductions

* Loan, Advanced & Saving စတာတွေကို အလိုအလျောက် ပြင်ဆင်နိုင်ပါတယ်။

၂။ Actual Payroll Calculation & Approval

လူကိုယ်တိုင်တွက်ရင်ဖြစ်တတ်တဲ့ Calculation error တွေကို ဖယ်ရှားလိုက်ပါ။ GlobalHR မှာ :

* လစာတွက်ချက်မှုတွေကို စနစ်က အလိုအလျောက် ဆောင်ရွက်ပေးတယ်။

* HR Manager များက တစ်ချက်နှိပ်ရုံနဲ့ Approval ပေးနိုင်ပါတယ်။

၃။ Post-Payroll Process (ပြီးစီးခြင်း)

လစာထုတ်ပြီးနောက်ပိုင်း လုပ်ငန်းစဉ်တွေကို အောက်ပါအတိုင်း လွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်:

* Payment Comparison ပြုလုပ်ခြင်း

* SSB Contribution & Income Tax Reports များ ထုတ်ယူခြင်း

* Password-protected Payslips များကို Email သို့မဟုတ် Mobile App မှတစ်ဆင့် ပေးပို့ခြင်း။

Payroll စီမံခန့်ခွဲမှုဆိုတာ HR အတွက် အရေးကြီးတဲ့ တာဝန်တစ်ခုပါ။ GlobalHR ရဲ့ Cloud-based စနစ်ကို အသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာပြီး ပိုမိုတိကျတဲ့ Payroll Process ကို တည်ဆောက်နိုင်ပါပြီ။ သင်တို့ရဲ့ လုပ်ငန်းစဉ်တွေကို ယနေ့ပဲ Digital ပြောင်းလဲဖို့ GlobalHR ကို ရွေးချယ်လိုက်ပါ။