?? ??????? ??????????????: ???? ???? ???? ???? ??? ????? ????????? ❓
ကျွန်တော်တို့ဟာ Digital Transformation အကြောင်းတွေကိုအမြဲပြောလေ့ရှိပြီး အဲလိုပြောင်းလဲလိုက်ရင် လုပ်ငန်းကိုတည်ငြိမ်မှုရှိစေတယ် ၊ ထုတ်လုပ်မှုတွေတိုးစေတယ် ၊ အနာဂတ်ကိုတည်ငြိမ်စေတယ် စသဖြင့်ပေါ့ ပြောဆိုဆွေးနွေးလေ့ရှိပါတယ်။ လုပ်ငန်းတွင်းနဲ့ လုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းတွေလဲ ပိုမိုပွင့်လင်းစေပြီး Customer တွေအတွက်လည်း အတွေ့အကြုံတွေ ဝန်ဆောင်မှုတွေ တိုးတက်လာစေဖို့ ပိုမိုအာရုံစိုက်လာကြပါတယ်။ အဲဒီလိုပါပဲ HR Digital Transformation ဟာလည်း ကျယ်ပြန့်ပြီး စိတ်လှုပ်ရှားမှုအပြည့်နဲ့ တခြား Process တွေနည်းတူ လုပ်ဆောင်လာနေပြီပဲဖြစ်ပါတယ်။ အောက်မှာဆက်လက်ဖော်ပြမယ့် Topic ကတော့ HR Digital အသွင်ပြောင်းမှုရဲ့ ဆိုလိုရင်းနဲ့ Digital စနစ်ကို ဘယ်လိုပြောင်းလဲလို့ရမလဲဆိုတာကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ နေ့စဉ်လုပ်ဆောင်နေရတဲ့ HR တွေရဲ့ Activities တွေနဲ့ Processes တွေကို ဘယ်လိုပြောင်းလဲပြီး လုပ်ငန်းကိုဘယ်လိုအကျိုးပြုစေနိုင်မလဲဆိုတာကို အနည်းငယ် လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။
???? ??????? ?? ?? ??????? ???????????????
အရိုးရှင်းဆုံးအားဖြင့် Human Resources ပိုင်းအတွက် Digital Transformation ဆိုတာ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေ တိုးမြင့်ဖို့နဲ့ Automated စနစ်တွေအသုံးပြုပြီး လုပ်ငန်းဆောင်ရွက်မှုစွမ်းဆောင်ရည်တွေ ပိုမိုကောင်းမွန်ဖို့အတွက် Digital Human Resource tools တွေ ၊ လေ့လာမှုတွေ ၊ နည်းစနစ်တွေကိုထပ်မံပေါင်းထည့်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲ့လိုပြောင်းလဲရာမှာ တစ်ခုက လက်ရှိ HR Operation ကို နည်းပညာအနေနဲ့ပြောင်းလဲအသုံးပြုဖိုရယ် ၊ နောက်တစ်ခုကတော့ ဝန်ထမ်းတွေအတွက်လည်း ပြောင်းလဲသွားတဲ့လုပ်ငန်းခွင်မှာ ဘယ်လိုပါဝင်လုပ်ဆောင်ကြမလဲဆိုတဲ့ အခြေအနေ၂မျိုးနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ HR Digital transformation တွေဟာ HR လုပ်ငန်းစဉ်တွေကို ပိုမိုကောင်းမွန်စေရုံသာမကဘဲ မှန်ကန်စွာလုပ်ဆောင်နိုင်ပါက အကျိုးသက်ရောက်မှု အရှိဆုံးဖြစ်ပြီး အဖွဲ့အစည်းတစ်ခုလုံးကိုပါ တိုးတက်စေမှာဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကို ကြည့်ခြင်းအားဖြင့် သင့်လုပ်ငန်းတစ်ခုလုံးအတွက် Digital စနစ်ပြောင်းလဲရာမှာ HR Department ကလဲအရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် လိုအပ်ချက်တစ်ခုအနေနဲ့ ဖြစ်လာပါတော့တယ်။
???? ??? ???? ???????? ?? ????? ????????? ??????? ???????????????
မတူညီတဲ့ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး Company တွေဟာ ကွဲပြားတဲ့နည်းစနစ်တွေနဲ့ HR Teams တွေကိုပြောင်းလဲကြပါတယ်။ အဲ့ဒီထဲကမှ လုပ်ငန်းအများစုသုံးနေတဲ့ Solutions လေးတွေကတော့
???? ???? ???? ???? ??? ???????????
HR လုပ်ငန်းများကို Digital စနစ်သို့ပြောင်းလဲခြင်းနဲ့ပတ်သတ်ပြီး အကောင်းဆုံးအချက်ကတော့ Human Resources တွေကို Business နဲ့ပတ်သတ်ပြီး လုပ်ဆောင်တဲ့နေရာမှာ ပိုမိုချဲ့ထွင်လုပ်ဆောင်စေနိုင်မှာပဲ ဖြစ်ပါတယ်။ Online Training Program တွေ ၊ GlobalTA&HR ကဲ့သို့ Self-Service-Based Applications စတဲ့ နည်းပညာတွေ ၊ Tools တွေကိုအသုံးပြုခြင်းအားဖြင့် HR ဝန်ထမ်းတွေရဲ့ Operations လုပ်ဆောင်မှုတွေကို ပြောင်းလဲပစ်ဖို့ စတင်လုပ်ဆောင်နိုင်ပါတယ်။ အဲ့လိုပြုလုပ်ပေးခြင်းအားဖြင့် HR ဝန်ထမ်းတွေရော တခြားဝန်ထမ်းတွေပါတက်ကြွမှုရှိစေပြီး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အချိန်တွေလည်း လျှော့နည်းသွားစေနိုင်ပါတယ်။ ထပ်ပြောရရင် Digital Transformation ဟာ လူတွေနဲ့သူတို့ရဲ့အတွေ့အကြုံတွေအတွက် အဓိကကူညီပြောင်းလဲပေးတာပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီနေရာမှာCompany Culture တွေကိုပုံဖော်ဖို့အတွက် HR တွေဟာအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ မရှိမဖြစ် ပါဝင်လာပါတယ်။ ဝန်ထမ်းတွေကို Digital Transformation နည်းစနစ်တွေသိရှိစေဖို့ ၊ ပူးပေါင်းပါဝင်ဖို့စတဲ့ လုပ်ငန်းခွင်အတွင်း ပိုမိုပွင့်လင်းမြင်သာမှုရှိလာစေဖိုကို HR တွေက ကူညီပေးနိုင်ပါတယ်။ အတိုချုပ်ပြောရရင်တော့ သင့်လုပ်ငန်းကို ပြုလွယ်ပြောင်းလွယ်ပြီး ပွင့်လင်းတဲ့လုပ်ငန်းခွင်ဖြစ်စေဖို့ Human Resources တွေဟာ သင့်ရဲ့ နံပါတ်တစ် မဟာမိတ်လိုမျိုး ဖြစ်လာစေမှာ အမှန်ပါပဲ။
??????? ??? ???????
သင့်လုပ်ငန်းမှာ HR Digital Transformation ပြုလုပ်ဖို့စီစဉ်ကြတဲ့အခါ သေချာခေါင်းအေးအေးထားပြီး အာရုံစူးစိုက်ဖို့ အရေးကြီးပါတယ်။ သင့်လုပ်ငန်းရဲ့ရေရှည်အနာဂတ်ကို အာရုံစိုက်လိုပါက သင့်ဝန်ထမ်းတွေပူးပေါင်းပါဝင်ပြီး တက်တက်ကြွကြွနဲ့အင်တိုက်အားတိုက်လုပ်ဆောင်နိုင်ဖို့ မြှင့်တင်ပေးဖို့က အဓိကသော့ချက်ဖြစ်ပါတယ်။ အကယ်၍ အရည်အသွေးရှိသူတွေ ရယူဖို့က သင့်ရည်မှန်းချက်ဖြစ်နေရင်တော့ တခြားမတူညီတဲ့ လုပ်ဆောင်မှုတွေလိုအပ်လာမှာပါ။ တကယ်လို့ ကျွမ်းကျင်တဲ့အဖွဲ့တစ်ဖွဲ့ဖန်တီးမယ်လို့ တွေးထားရင်တော့သင့်ရဲ့ Strategy မှာ လေ့ကျင့်ခန်းအစီအစဉ်တွေ ၊ သင်တန်းတွေနဲ့ သင်ယူမှုဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုရှိထားသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ အဆုံးသတ်အနေနဲ့ကတော့ Digital Transformation ပြုလုပ်ထားတဲ့ HR လုပ်ငန်းစဉ်တွေဟာ သင့်လုပ်ငန်းရဲ့ လျှောက်လှမ်းရမယ့် ခရီးကိုပိုမိုလွယ်ကူလာစေမှာပဲ ဖြစ်ပါတယ်။