✅ ဘာကြောင့်သင့်ရဲ့ ??????? မှာ ??????? ?? ?????????????? အတွက် ရင်းနှီးမြှုပ်နှံသင့်တာလဲ ❓
တနေကုန် စာရွက်ပုံတွေကြား ရှုပ်ပွပြီး စိတ်တွေလေးလံပြီး စိတ်ရှုပ်စရာပတ်ဝန်းကျင်မှာ အလုပ်လုပ်နေရသေးတာလား ? Leave Request ကို အကြောင်းပြန်ဖို့ ဒါမှမဟုတ် ဝန်ထမ်းတစ်ယောက်ရဲ့ file တွေ ရှာဖွေဖို့နဲ့ HR နဲ့ ပတ်သတ်တဲ့စာရွက်စာတမ်းတွေ စုစည်းဖို့ ရက်ပေါင်းများစွာ သင့်အနေနဲ့ အချိန်ပေးနေရပြီလား ? တကယ်လို့ သင်က Yes လို့ဖြေလိုက်ရင်တော့ သေချာပါတယ် သင့်အနေနဲ့ Digital HR ကို ပြောင်းလဲဖို့ အချိန်ရောက်ပြီပဲဖြစ်ပါတယ်။ စိတ်မပူပါနဲ့ အဲဒါကသင့်အတွက် မလွဲမတွေရင်ဆိုင်ရမယ့် အရာတစ်ခုပဲဖြစ်ပါတယ်။
??? ??? ???????? ?? ??????? ?? ?????????????? ??? :
ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း စာရွက်စာတမ်းတွေနဲ့ပဲ အလုပ်လုပ်ကိုင်ခဲ့တဲ့လူများအတွက် Digital Transformation ဟာ သိပ်မထင်ရှားတဲ့ စကားလုံးအဖြစ်သတ်မှတ်ကြနိုင်ပါတယ်။ သို့ပေမယ့် သင်ဟာတကယ်လို့ IT နည်းပညာအကြောင်း အနည်းငယ်သိကျွမ်းပြီး နောက်ဆုံးပေါ် နည်းပညာများနဲ့ သိပ်မစိမ်းတဲ့လူတစ်ယောက်ဆိုရင်တော့ အောက်ပါ ဥပမာတွေက သင့်ကိုလမ်းကြောင်းတစ်ခုဆီသို့ ညွှန်ပြပေးနေမှာပဲ ဖြစ်ပါတယ်။ Cloud Computing ထွန်းကားလာတာနဲ့အမျှ သက်ဆိုင်ရာ Industry ကျွမ်းကျင်သူတွေဟာ သူတို့အလုပ်တွေ ပိုမိုရိုးရှင်းလွယ်ကူပြီးထိရောက်နိုင်အောင် ပြီးတော့ ထပ်တလဲလဲလုပ်နေရတဲ့အမှားတွေနည်းသွားအောင် IT engineers များနဲ့လက်တွဲပြီး လုပ်ဆောင်လာကြပါတယ်။ လက်တွေ့မှာလဲ အဆိုပါပြောင်းလဲမှုတွေကြောင့် ဒီဇိုင်းပိုင်းတွေ ၊ Processes ပိုင်းတွေ ၊ Workflows ပိုင်းတွေနဲ့ ပြင်လွယ်ပြုလွယ်တဲ့လုပ်ဆောင်မှုတွေကြောင့် လုပ်ငန်းခွင်တွေမှာ အပြိုင်အဆိုင်အားသာချက်တွေပေးပြီး ပိုမိုကောင်းမွန်မြန်ဆန်တဲ့ လုပ်ငန်းတွေဖြစ်လာဖို့အတွက် တံခါးပေါက်တစ်ခုအနေနဲ့ ဖြစ်လာပါတော့တယ်။