Global HR

?? ??????? ?????????????? မစတင်ခင် ဘာတွေ စစ်ဆေးရမလဲ❓

✅ ကောင်းမွန်စွာလုပ်ဆောင်ထားတဲ့ Digital HR ပြောင်းလဲမှုရဲ့ရလဒ်ဟာ တကယ့်ကိုအဖိုးတန်လှပါတယ်။ ဒါကြောင့်မို့လည်း Company တွေဟာ Digital HR လမ်းကြောင်းတစ်ခုဖြစ်လာဖို့ ကြိုးစားနေကြတာ မဆန်းတော့ပါဘူး။ သင့်လုပ်ငန်းမှာလဲ ပြောင်းလဲဖို့အတွက် အောက်ပါအချက်တွေ ရှိမရှိ စစ်ဆေးကြည့်ကြရအောင် …

…???? ???? ?? ?????????.

အဲ့ဒီအချိန်ဟာ Company ရဲ့စီမံခန့်ခွဲရေးအတွက် အခက်အခဲတွေစတင်ကြုံတွေ့လာရချိန်ပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေများလာတာနဲ့အမျှ အရာအားလုံးကို Paper နဲ့ပဲ Manage လုပ်နေရတာ တဖြည်းဖြည်းခက်ခဲလာပါလိမ့်မယ်။ ဒါကြောင့်မို့ လုပ်ငန်း Process တွေချော့မွေ့မြန်ဆန်ဖို့ဆိုတဲ့အချက်ဟာ ရုတ်တရက်ဆိုသလို သင့်လုပ်ငန်းအတွက် အရေးကြီးလာပါတော့တယ်။

…?? ?? ??????????.

ဒီဌာနဟာ သင့်လုပ်ငန်းရဲ့ Digital ပြောင်းလဲမှုအခက်အခဲများကို ကူညီပေးပြီး လမ်းညွှန်ပေးမယ့် ဌာနတစ်ခုပဲ ဖြစ်ပါတယ်။ Integration, Data Security ပိုင်းနဲ့ နည်းပညာပိုင်းပြောင်းလဲမှုတွေအတွက် အနည်းဆုံး အရည်အချင်းပြည့်မီတဲ့ IT Technician တစ်ယောက်တော့ သင့်လုပ်ငန်းမှာ လိုအပ်ပါတယ်။

… ??????? ???? ??? ???? ??? ????.

သင့်ရဲ့ HR ဌာနဟာ ကြီးမားတဲ့ Data တွေကိုကိုင်တွယ်နိုင်ဖို့တော့ လိုအပ်ပါတယ်။ ရရှိလာတဲ့အချက်အလက်ကိန်းဂဏန်းတွေကနေ စည်းမျဉ်းတွေ နည်းစနစ်တွေ ချမှတ်ဖို့အတွက် သင့်ဌာနမှာလုံလောက်တဲ့ ကျွမ်းကျင်မှုရှိမနေပါက အဆိုပါ Data စုဆောင်းမှုတွေဟာ အဓိပ္ပာယ်ရှိလာတော့မှာ မဟုတ်ပါဘူး။

…? ????? ????????? ??????????? ?????? (????).

ဒါကတော့ သင့်ဝန်ထမ်းတွေရဲ့အချက်အလက်တွေကို သိမ်းဆည်းပေးနိုင်မယ့် HR Software တစ်ခုပဲဖြစ်ပါတယ်။ ဒီ Software ကနေ Data ပေါင်းများစွာကို စုဆောင်းထားပြီး သင်လိုချင်တဲ့ ဖြေရှင်းချက်တွေ မှတ်တမ်းတွေအတွက် အကောင်အထည်ဖော်ပေးမှာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် GlobalTA&HR မှာဆိုရင် ဝန်ထမ်းတွေရဲ့ရုံးတက်ရုံးဆင်းမှတ်တမ်းကနေစပြီး လစာတွက်ချက်တဲ့အထိ Manage လုပ်ပေးနိုင်တဲ့အတွက် HR ဌာနကို တကယ့်ကိုကူညီပေးနိုင်တဲ့ Software တစ်ခုပဲဖြစ်ပါတယ်။

…? ????? ???????? ???? ?? ????.

Digital HR ပြောင်းလဲမှုကြောင့် ရှင်းလင်းတဲ့လုပ်ငန်းတွင်းပန်းတိုင်တွေကို ပြီးမြောက်စေတဲ့အတွက် တိကျတဲ့ရလဒ်တွေ ဖြစ်ပေါ်လာဖို့ လမ်းကြောင်းတစ်ခုပဲဖြစ်ပါတယ်။ ဥပမာပြောရရင် သင့်လုပ်ငန်းအတွက် ဝန်ထမ်းခန့်ဖို့ အချိန် ၂ ပတ်လောက် လျှော့ချလိုပါသလား ? ကဲဒါဆိုရင်တော့ သင့်လုပ်ငန်းအတွက် ဘာလိုအပ်နေပြီလဲဆိုတာရယ် ဘာရှာဖွေနေပြီလဲဆိုတာရယ်ကို သင့်အနေနဲ့နားလည်နိုင်ပြီပဲဖြစ်ပါတယ်။

Post a Comment