?? ????????? ??????? : ??????????? ?????????? ???? ?????????
✅ သင်ဟာ Company ရဲ့ Performance Management အပိုင်းကို အကောင်းဆုံးဖြစ်လာဖို့ ကြိုးစားနေပါသလား ? ဒါဆိုရင်တော့ သင့်အဖွဲ့ကို Inspire ဖြစ်ဖို့နဲ့ Motivate ဖြစ်လာဖို့အတွက် အောက်မှာပြောပြသွားမယ့်နည်းစနစ်တွေနဲ့ ပေါင်းစပ်လိုက်ရအောင်…
Clear Goal Setting
မိမိလုပ်ငန်းနှင့်ကိုက်ညီသော SMART (Specific, Measurable, Achievable, Relevant, Time-bound)စတဲ့ goals တွေကိုချမှတ်ထားသင့်ပါတယ်။ အဲ့ဒီလိုရှင်းလင်းတဲ့ ရည်မှန်းချက်တွေရှိမှသာ ဝန်ထမ်းတွေကို တိကျတဲ့လမ်းညွှန်မှုတွေနဲ့ အကောင်းဆုံး ကူညီပေးနိုင်မှာပါ။
Regular Feedback
Feedback အမြဲတောင်းတဲ့ culture ကိုအလေ့အကျင့်လုပ်ထားပေးပါ။ Managers တွေကိုလည်း လုပ်ငန်းရဲ့ အားသာချက်တွေနဲ့ တိုးတက်ရန်လိုအပ်နေတဲ့ နေရာတွေကို အာရုံစိုက်ခိုင်းထားပြီး အပြုသဘောဆောင်တဲ့ Feedback တွေကို ပုံမှန်ပေးလာအောင် တိုက်တွန်းပေးပါ။ Feedback အမြဲပေးခြင်းဟာ ဝန်ထမ်းတွေရဲ့ လမ်းကြောင်း တွေမှန်ကန်လာဖို့နဲ့ ကျွမ်းကျင်လာဖို့အတွက် အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။
Performance Reviews
မျှတမှုနဲ့ ပွင့်လင်းမြင်သာမှုရှိပြီး Development ပိုင်းကိုအာရုံစိုက်ထားတဲ့ Performance Reviews တွေကို ပုံမှန်ပြုလုပ်ပါ။ Performance တွေကိုအကဲဖြတ်ဖို့နဲ့ တိုးတက်လာစေဖို့အတွက် လိုအပ်တဲ့ Goals တွေချမှတ်ဖို့ စံသတ်မှတ်ချက်တွေနဲ့ နမူနာတွေကို ကြိုပြီးသတ်မှတ်ထားပါ။
Recognition and Rewards
လုပ်ငန်းအောင်မြင်မှုတွေရတဲ့အခါ Celebrate လုပ်ပေးပြီး ပါဝင်ပတ်သတ်မှုရှိတဲ့ ဝန်ထမ်းတွေကို အသိအမှတ်ပြုပေးပါ။ ရိုးရှင်းတဲ့ ကျေးဇူးတင်စကားပဲဖြစ်ဖြစ် ဒါမှမဟုတ် အစီအစဉ်တစ်ခုနဲ့ပဲဖြစ်ဖြစ် အသိအမှတ်ပြုပေးခြင်းဟာ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးရာရောက်ပြီး ပိုပြီးကြိုးစားလာဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။
Training and Development
ဝန်ထမ်းတွေရဲ့ Growth နဲ့ Development ပိုင်းတွေကိုလည်း Invest လုပ်ပေးသင့်ပါတယ်။ Training programs တွေ၊ Workshops တွေပြီးတော့ skill တိုးတက်စေမယ့် အခွင့်အလမ်းတွေနဲ့ သူတို့ရဲ့ စွမ်းရည်တွေ ပြည့်ဝလာစေဖို့ အကောင်းဆုံးကူညီပေးပါ။
Career Path Planning
ဝန်ထမ်းတွေရဲ့ Career ရည်မှန်းချက်တွေကို ပံ့ပိုးပေးပါ။ Organization အတွင်းမှာ Career တိုးတက်ဖို့အတွက်လိုအပ်တဲ့ လမ်းညွှန်ချက်တွေနဲ့ Resources တွေကို ထောက်ပံ့ပေးခြင်းအားဖြင့် ဝန်ထမ်းတွေရဲ့<br /> စိတ်ထဲ သစ္စာရှိမှုနဲ့ လုပ်ငန်းအပေါ်ကတိတည်မှုတွေကိုပါ ရရှိစေနိုင်မှာပါ။
Employee Involvement
စွမ်းဆောင်ရည် စီမံခန့်ခွဲမှုလုပ်ငန်းတွေမှာ ဝန်ထမ်းတွေကိုပါ တစိတ်တပိုင်းအနေနဲ့ဝင်ပြီး လုပ်ဆောင်ခိုင်းပါ။ ဒီလိုလုပ်ဆောင်ပေးခိုင်းခြင်းအားဖြင့် ဝန်ထမ်းတွေအနေနဲ့ မိမိကိုယ်ကို အကဲဖြတ်နိုင်တာတွေ၊ ပန်းတိုင်တွေသတ်မှတ်နိုင်တာတွေအပြင် အချင်းချင်း Feedback တွေဖလှယ်နိုင်တာကြောင့် မိမိရဲ့ တာဝန်ယူမှုနဲ့ လုပ်ဆောင်နေရတဲ့အလုပ်တွေကို ပိုပြီးမြှင့်တင်နိုင်ဖို့ အားပေးနိုင်မှာပဲဖြစ်ပါတယ်။
Technology Integration
Performance Management Processes တွေချောမွေ့စေဖို့အတွက် နည်းပညာတွေနဲ့လည်း မြှင့်တင်သင့်ပါတယ်။ Workflows တွေကို Auto လုပ်ဆောင်ဖို့၊ တိုးတက်မှုတွေကို Track လုပ်ဖို့နဲ့ မှန်ကန်တဲ့ Decision-Making တွေပြုလုပ်ဖို့အတွက် GlobalTA&HR လိုမျိုး HR Management Software တွေကိုလည်း အသုံးပြုသင့်ပါတယ်။
ဒီအလေ့အကျင့်တွေကို အကောင်အထည်ဖော်လိုက်ခြင်းအားဖြင့် Team Member အားလုံးတိုးတက်မှုရှိစေပြီး အဖွဲ့တွင်းအောင်မြင်မှုတွေမှာ ပါဝင်လာတဲ့ Performance-Driven Culture တစ်ခုကို ဖန်တီးနိင်မှာပဲ ဖြစ်ပါတယ်။ ??