Global HR Cloud ဆိုတာဘာလဲ?
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသာမက Enterprise လုပ်ငန်းကြီးများအထိ အသုံးပြုနိုင်သော Mobile-First Cloud-based HR နှင့် Payroll Management Solution ဖြစ်ပါသည်။ Recruitment to Retirement လုပ်ငန်းဆောင်တာအားလုံးကို အချိန်မရွေး၊ နေရာမရွေး စီမံခန့်ခွဲနိုင်ပါသည်။ ဝင်ငွေခွန် (PIT)၊ လူမှုဖူလုံရေး (SSB) နှင့် ကုမ္ပဏီမူဝါဒအလိုက် စိတ်ကြိုက်ပြင်ဆင်နိုင်သော စနစ်များဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင်တွင် တက်ကြွပျော်ရွှင်စေပြီး စီမံခန့်ခွဲသူများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရေးဆွဲထားပါသည်။
Mission & Vision
Mission
ဝန်ထမ်းများအနေဖြင့် အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ပြီး HR မန်နေဂျာများအတွက်လည်း စီမံခန့်ခွဲတဲ့နေရာမှာ ထိရောက်မှုရှိအောင် အကောင်းဆုံးကူညီပေးနိုင်ဖို့ တီထွင်ဖန်တီးထားပါတယ်
Vision
မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတိုင်းရဲ့ Attendance,Payroll & HR အခက်အခဲ တွေကို ကူညီဖြေရှင်းပေးဖို့နဲ့ Software ရွေးချယ်ဝယ်ယူမှုအပိုင်းမှာ ပထမဦးစားပေးဖြစ်လာစေဖို့ အဓိကရည်ရွယ်ထားပါတယ်။
စီးပွားရေးလုပ်ငန်းအများစုက Global HR ကို ဘာကြောင့် ယုံကြည်ကြတာလဲ?
Application ကို ခေတ်နှင့် အညီ စဉ်ဆက်မပြတ် အဆင့်မြင့်တင်ကာ
အမှန်တကယ် အသုံးချနိုင်သည့်အထိ ဆောင်ရွက်ပေးသော ထိရောက်သည့် ဝန်ဆောင်မူများကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်း အများစုမှ Global HR Solutions များကို အသုံးပြုနေကြခြင်း ဖြစ်ပါတယ်။

Our Trusted Partners & Employees
ကုမ္ပဏီများ
ဝန်ထမ်းများ
Powerful Cloud Modules Built for Myanmar Business
Global HR Application တွင် Employee Information, Attendance, Payroll နှင့် HR ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို မြန်ဆန် ထိရောက်စွာ ဆောင်ရွက်နိုင်စေမည့် features များပါဝင်ပါသည်။ ``Recruitment`` to ``Retire`` လုပ်ငန်းဆောင်တာ အားလုံးအတွက် ခေတ်နှင့်အညီ အထူးပြုရေးဆွဲထားသော features များပါဝင်ပါသည်။
People Directory
ဝန်ထမ်းတစ်ဦးစီ၏ ကိုယ်ရေးအချက်အလက်နှင့် ရာထူးမှတ်တမ်းများကို ပြည့်စုံစွာ Digitalize ပြုလုပ်ထားနိုင်ပြီး Mobile နှင့် Web ပေါ်မှတစ်ဆင့် လျင်မြန်စွာ ရှာဖွေကြည့်ရှုနိုင်ပါသည်။
Employee Self Service
မိုဘိုင်း ဝန်ထမ်းကိုယ်တိုင်သုံး စနစ်: ရုံးတက်/ဆင်း၊ ခွင့်၊ အချိန်ပို (OT) တောင်းဆိုမှုများနှင့် အတည်ပြုချက်များ (Request & Approve)၊ လစာစလစ်နှင့် ရုံးတွင်း ကြေညာချက်များကို ဝန်ထမ်းနှင့် မန်နေဂျာများ မိမိတို့၏ ဖုန်းမှတစ်ဆင့် တိုက်ရိုက်ဆောင်ရွက်နိုင်ပါသည်။
Attendance Management
ရုံးတက်/ရုံးဆင်း စီမံခန့်ခွဲမှု: အလုပ်ဝင်/ထွက်ချိန်များပေါ်မူတည်၍ Attendance, Late, Early Out, Absent နှင့် OT တို့ကို အချိန်တိုအတွင်း တိကျစွာ တွက်ချက်ပေးပြီး Shift နှင့် Attendance မူဝါဒများကို စိတ်ကြိုက်သတ်မှတ်နိုင်ပါသည်။
Leave
မြန်မာနိုင်ငံ အလုပ်သမားဥပဒေပါ ခွင့်မူဝါဒများကို အသင့်သုံးနိုင်သလို ကုမ္ပဏီအလိုက် စိတ်ကြိုက် Leave Policy များကိုလည်း လွယ်ကူစွာ သတ်မှတ်နိုင်ကာ ခွင့်ရက်လက်ကျန် အစီရင်ခံစာများကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ပါသည်။
Payroll
သင့်ကုမ္ပဏီ၏ မူဝါဒ၊ စရိတ် (Allowances) နှင့် ဖွဲ့စည်းပုံအလိုက် Payroll စည်းမျဉ်းများကို စိတ်ကြိုက်သတ်မှတ်နိုင်သလို ဝင်ငွေခွန် (PIT) နှင့် လူမှုဖူလုံရေး (SSB) ထည့်ဝင်ကြေးများကိုပါ အလိုအလျောက် တိကျစွာ တွက်ချက်ပေးပါသည်။
Performance Management
Customized Performance Appraisal နှင့် Automation Workflow: KPI Results များနှင့် အရည်အချင်းဆိုင်ရာ အကဲဖြတ်ချက်များကို ပေါင်းစပ်ကာ သင့်လုပ်ငန်း၏ လိုအပ်ချက်များနှင့် ကိုက်ညီစွာ ဝန်ထမ်းစွမ်းဆောင်ရည်ကို ပြည့်စုံတိကျစွာ အကဲဖြတ်နိုင်ပါသည်။ Appraisal လုပ်ငန်းစဉ်တစ်ခုလုံးကိုလည်း အလိုအလျောက် စီမံဆောင်ရွက်ပေးပြီး Performance Analysis Report များဖြင့်လည်း အကဲဖြတ်နိုင်ပါသည်။

